We can't

ကိုယ်တို့နှစ်ယောက် မဆက်သွယ်တော့ခြင်းသည် 
ရိုးစင်းစွာ ဖြစ်မြောက်ခဲ့သည်။

ကိုယ့်ဘက်ကတော့ နောင်တ စိုးစင်းမျှမရှိ။ 
မင်းလဲ အဲဒီအတိုင်း ခံစားရမယ်လို့ ယုံကြည်ပါသည်။

ကိုယ်တို့ အဆက်အသွယ်ရှိခဲ့တုန်းက အရိုးသားဆုံး၊ 
အကောင်းဆုံး၊ အချင်းချင်းဖေးမ ခဲ့ကြတယ်။

အခုလို မပေါင်းသင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အခါမှာလဲ 
နောင်တမရှိဘူး။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့အချိန်တွေအတွက် 
အကောင်းဆုံးဖြစ်ခဲ့သလို၊ အကောင်းဆုံးဆက်ဆံခဲ့ကြလို့။

မင်းအကြောင်းတစ်ယောက်ယောက်က မေးတဲ့အခါမှာလဲ
အေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်တို့မဆက်သွယ်ကြတာ 
ကြာပြီးဆိုတဲ့အကြောင်းကို ပြောလိုက်ပါ့မယ်။ 

တစ်ချက်တော့ ပြုံးမိလိမ့်မယ် ထင်တယ်။

Comments