ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းတွေမှာ
မှတ်တမ်းတွေ မရှိဘူး
ဓါတ်ပုံတွေ မရိုက်ဖြစ်ဘူး
အတူတူရှိနေကြောင်း လူမှုကွန်ရက်ပေါ် မတင်ဖြစ်ဘူး။
ဒါမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်လွန်းနေတယ်
တစ်ယောက်ရဲ့စိတ်ထဲမှာ ဘာရှိတာလဲဆိုတာ သိနေတယ်
တစ်ယောက်နဲ့တစ်ယောက် အလေးအနက် ထားနေတယ်
တစ်ယောက်နဲ့တစ်ယောက် ပြောခဲ့ဖူးတဲ့ အရာရာတိုင်းကို မှတ်မိနေကြတယ်။
အမြဲတမ်း တွေ့ကြမယ်လို့ မတောင်းဆိုကြဘူး
အကြောင်းအရာတစ်ခုပေါ်မှာ အခြေခံပြီးတော့မှ ဆုံတွေ့ကြတယ်
တွေ့ကြရင်လဲ တစ်ယောက်အကြောင်းတစ်ယောက် ပေါ့ပါးရိုးစင်းစွာ ပြောပြကြတယ်
ငါတို့နှစ်ယောက်က အတ္တမပါတဲ့ ဆက်ဆံရေးတွေ ဖြစ်တယ်
ငါတို့နှစ်ယောက်ရဲ့ ခင်မင်မှုမျိုးကို သဘောကြတယ်
တစ်ချို့သော ရှေးရှေးဘဝက အဆက်တွေရှိတယ်ဆိုတာ ယုံတယ်
ဘာလို့လဲဆိုတော့ ငါတို့နှစ်ယောက်ကြောင့်ပေါ့
တစ်ယောက်ကိုတစ်ယောက် သိသာမကြာသေးပေမယ့်
ရင်ထဲမှာရှိနေတာမျိုးပေါ့။
Comments
Post a Comment