Phyu


ဖြူရဲ့ ကိုယ့်အပေါ် အဖြစ်စေချင်ဆုံးဆန္ဒက အိမ်ထောင်ပြုတာတဲ့။ ကိုယ်တစ်ယောက်တည်း ရှင်သန်နေမှာကို မကြည့်ရက်လို့ ထင်တယ်။ ဟုတ်ကဲ့။ ကိုယ်အိမ်ထောင်ပြုမယ်။ နောက် ဖြူက ရည်းစားထားတာ (တကယ့်အိမ်ထောင်ဖက်) ခက်ခဲတဲ့အကြောင်းလေးတွေ ပြောပြတယ်။ သူ မျိုသိမ့်ခဲ့ရတာတွေ၊ သည်းခံခဲ့ရတာတွေ၊ အလျှော့ပေးခဲ့ရတာတွေ၊ လိုက်လျောခဲ့ရတာတွေ၊ အိုးးး အများကြီးပဲ။ ကိုယ့်အတွက် မွန်းကြပ်လိုက်တာ။ ဖြူ့ကို မေးကြည့်တယ် “အဲလောက်တောင်ပဲ ပေးဆပ်ရတာလားဖြူ၊ ဘာပြန်ရလဲ ဖြူ?” လို့။ သူ့အဖြေကို သဘောကျတယ်။ ကိုယ်ချစ်တဲ့ လူတစ်ယောက်လုံးကို ပိုင်ဆိုင်ရတယ်လေတဲ့။ ကိုယ်ချစ်တဲ့လူနဲ့ ဝေးနေတာထပ်စာရင် အခုလို ပိုင်ဆိုင်ရတာပေါ့တဲ့။ ဟုတ်တာပေါ့။

Comments