Dream (Mom)



အိမ်မက်တို့က မုန်းဖို့ကောင်းသည်

မေထပ်ပြီး သေဆုံးသွားပြန်သည်
အိမ်မက်ထဲမှာတောင် မေ့ကို အသက်ရှင်ခွင့်မပေးတဲ့
အိမ်မက်ကို မုန်းသည် စိတ်လဲနာသည်

အိမ်မက်က ပေါက်ကရဆန်သည် အဓိပ္ပါယ်မရှိ
မေက ကိုယ့်လက်ထဲမှာပဲ ဆုံးပြီး ပြာဖြစ်သွားတယ်တဲ့
ဘယ်လောက်တောင် အဓိပ္ပါယ်မရှိလိုက်သလဲ

လူတွေကလဲ မေဆုံးသွားတာကျတော့လက်ခံပြီး
ချက်ချင်းပြာဖြစ်သွားတာကို မယုံချင်သလိုနဲ့

ကိုယ်ရှင်းပြဖို့ ကြိုးစားသည်
မေက ကိုယ့်လက်ထဲမှာ ချက်ချင်းပြာအဖြစ်ပြောင်းသွားသည်ပေါ့
ဒါမယ့် လူတွေက နားလဲမထောင်ကြဘူး
ကိုယ်အိုးတစ်လုံးနဲ့ လူတွေထဲကို (သူတို့မထိအောင်) ပစ်ခွဲလိုက်သည်

သူတို့လန့်သွားကြသည်
ဖေက ကိုယ့်ဆီလာပြီး ခေါင်းကိုရိုက်သည်
အိုးခွဲစနဲ့ ကိုယ့်လက်ကို ခြစ်သည်
(ဖေ့ကို အိမ်မက်ထဲမှာ အဲလိုမက်ဖူးတာ ပထမဆုံးပဲ)

ပြီးတော့ ချောင်တစ်ချောင်မှာ ကိုယ်အော်ငိုနေသည်
အဲအချိန် ကိုယ်တွေးနေတာက
“မေရယ်၊ မဆုံးလိုက်ပါနဲ့၊ မေနဲ့အတူတူမနေရဘူးဆိုပေမယ့်
(အိမ်မက်ထဲမှာ အမေနဲ့အတူတူမနေရဘူး ထင်တယ်)
မေ့ကို တွေ့ချင်တဲ့အချိန်၊ တွေ့လို့ရတဲ့ အခွင့်အရေးလေးတော့ ရှိသင့်တယ်လေ”
ဒါမယ့် သူတို့ သယ်သွားကြပြီး

ကိုယ်အော်ငိုနေတုန်းမှာ လန့်နိုးလာသည်၊ အပြင်မှာလဲ ….

Comments