ချစ်ခြင်းတရားလား ကိုယ်မသိတော့ဘူး။
အခုမင်းနဲ့တွေ့ရင် ခံစားရတဲ့ ရှက်ရွံမှုတွေ၊
သဘောကျမှုတွေ၊ စိတ်ဝင်စားမှုတွေ
အဲဒါတွေအားလုံးက ကိုယ်အရင် သဘောကျခဲ့တဲ့
သူတွေနဲ့ အတူတူပဲကွယ်။ ရိုးသားစွာနဲ့ ကိုယ်ဝန်ခံတာပါ။
မင်းကို သတိရတယ်။ ကိုယ့်မှာ မင်းထပ်ရွေးချယ်သင့်တဲ့လူတွေ
ရှိနေတာတောင် တစ်ခါတစ်ခါ မင်းကို လွမ်းတုန်းပဲ။
ကိုယ့်ကိုယ်ကိုတောင် မနှစ်သက်တော့ဘူးကွယ်။
ဒါမယ့် မင်းသာ ကိုယ့်ချစ်ခြင်းမေတ္တာစစ်မှန်တယ်ဆိုရင်
ကိုယ်အရာရာနဲ့ လဲရဲပါတယ်။
ဒါမယ့် ကိုယ့်ကိုယ်ကို မယုံဘူးလို့ ကိုယ်ကြိုပြောခဲသလိုပဲ
မင်းက ကိုယ့်နောက်ဆုံးအချစ်လား။
မင်းနဲ့ကိုယ်က မချစ်သင့်တဲ့ လူနှစ်ယောက်ပါ။
ပေါင်းစည်းလို့မရတဲ့ ချစ်ခြင်းပေါ့။
မင်းဒီနေ့ည ကိုယ့်ဆီရောက်လာတာ ကိုယ်ဘယ်လောက်
ရန်ခုန်တုန်လှုပ်နေသလဲမှတ်လဲ? နှုတ်ခမ်းတောင် တုန်တယ် အချစ်ရဲ့။
မင်းကို အမြဲသတိရနေတယ်။
ဒါမယ့် မင်းက ကိုယ့်ရဲ့ ပြောခဲ့တဲ့အရာရာကို
မှတ်ထားပေးတဲ့အတွက် ချစ်မိပြန်တယ်။
ဘာပဲဖြစ်ဖြစ်လေ ကိုယ့်စိတ်ကို နဲနဲမြင်တတ်တာကို ချစ်တယ်။
အချစ်အတွက် စတင်ပျိုးထောင်ခြင်းပေါ့ကွယ်...

Comments
Post a Comment