ဖုန်းသက်တိုင်


စာအုပ်အမည်
စတင်ထုတ်ဝေတဲ့ခုနှစ်
စာရေးဆရာ


ဝယ်ဈေး
ဝယ်သည့်ရက်
ဝယ်သည့်နေရာ


သေချာတာတစ်ခုက ဒီစာအုပ်ကို နောက်ထပ်တစ်ခေါက် ထပ်ဖတ်ဖြစ်အုံးမှာပါ၊
ဆရာမကြည်အေးက တစ်မျိုးလေးပဲ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ စာရေးဆရာတစ်ဦးပေါ့၊
ဒီစာအုပ်ထဲမှာ ကိုဖုန်းခင်ရယ် မမေမေစိန်ရယ် အဓိက ဇာတ်လိုက်တွေပေါ့၊
မေမေစိန်အကြောင်း အရင်ပြောချင်တယ်၊
မေမေစိန်ဆိုတာက အရမ်းချော အရမ်းလှတဲ့ သူပေါ့၊
တက်ကသိုလ်လာတက်တယ်၊ သင်္ချာဆရာတစ်ယောက်နဲ့ ရည်စားဖြစ်တယ်၊
တွဲသွားတွဲလာလုပ်တယ်၊ ဘိုင်စကုတ်ကြည့်ရတာကို ၀ါသနာပါတယ်၊ ကျောင်းဆရာက
နိုင်ငံခြားကျောင်းသွားတက်ဖို့အတွက် ပြင်ဆင်ရတာနဲ့ နှစယောက်သား
အဆက်အသွယ်ပြတ်သွားတယ်၊
သူမက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသူ၊ အရမ်းတော်လွန်းလို့ ပျင်းသွားတဲ့သူ၊
တော်ကြတဲ့ ဆယ်ကျော်သက်တို့ရဲ့ သဘောသဘာဝအတိုင်း မိမိကိုယ်ကို
ဟုတ်လှပြီးထင်တဲ့သူ၊ လက်ထပ်ခြင်းကို စိတ်မ၀င်စားသူ၊ ဆေးကျောင်းတက်ပြီး
ရောဂါပိုးမွားနဲ့ ပတ်သက်ပြီး Research လုပ်ချင်သူ၊ သို့ပေမယ့် မိမိကိုယ်ကို
အထင်ကြီးလွန်းသောကြောင့် ဆေးကျောင်းစစ၀င်ခွင့် ရှုံးနိမ့်ခဲ့သူ ...

ကိုဖုန်းခင်ကတော့ မေမေစိန်ကို မြင်မြင်ချင်း ချစ်မိသွားသူ၊
မေမေစိန်ကို ရူးသွပ်စွဲလမ်းသူ ...

Comments