23rd woman love


23 နှစ်ကျော်ကျော် မိန်းမတစ်ယောက်ရဲ့ အချစ်ဆိုရင် အခုလက်ရှိ ချစ်သူမရှိတဲ့ မိန်းမတစ်ယောက်အနေနဲ့ ရှေ့ဆက်မယ့် ဘဝအတွက် တစ်စုံတစ်ယောက်ကို မရှိမဖြစ်ဆိုပြီး လိုက်ရှာမနေတော့ဘူး မင်းကို ကိုယ်တွေ့ရှိခဲ့တယ် မြင်မြင်ချင်း ချစ်ခဲ့တယ်လို့ပြောရအောင် မင်းကို ဘယ်တုန်းက စမြင်ခဲ့ဖူးမှန်းတောင် ကိုယ်မသိပါဘူး တကယ်ပါ မင်းကို မြင်မြင်ချင်း မချစ်ခဲ့ပါဘူး သူငယ်ချင်းတစ်ယောက်က မင်းကို စိတ်ဝင်စားတယ် ပြောတော့မှ ကိုယ် မင်းကို စသတိထားမိလာတယ် ဟုတ်တယ် မင်းမှာ ဆွဲဆောင်မှုတစ်ခုခုရှိတယ် စစချင်းမှာ အဲဒီဆွဲဆောင်မှုက ဘာလဲလို့ ကိုယ်မသိခဲ့ဘူး၊ သိဖို့လဲ စိတ်မဝင်စားခဲ့ဘူး နောက်ပိုင်း အကြောင်းကြောင်းကြောင့် တိုက်ဆိုင်ပါများလာတော့မှ မင်းကို စပြီး သတိထားလာမိတယ် ဟုတ်တယ် မင်းက ချစ်ဖို့ကောင်းတယ် မင်းက ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး မင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ် မင်းက တစ်ခြားလူတွေ မင်းကိုမြင်နေတဲ့ ဘယ်သူနဲ့မဆို အဆင်ပြေအောင် ပေါင်းတတ်တယ်ဆိုတဲ့ အချက်ကို မဟုတ်ပါဘူးလို့ ကိုယ်တိုင်ထုတ်ပြောတဲ့ လူ မင်းက မင်းရဲ့ ပုံစံအမှန်ကို လူတွေ မသိပါဘူးလို့ ပြောတဲ့လူ ဟုတ်တယ် မင်းအကြောင်း ကိုယ်လိုက်စပ်စုထားတာတွေရှိသေးတယ် မင်းက အသန့်ကြိုက်တယ် မင်းကို ကိုယ်တွေးနေမိတယ် တချက်တချက် ကိုယ်ရင်ခုန်တယ် မင်းက ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ တခြမ်းဖြစ်မယ် (ဒီဘဝမဟုတ်ရင်တောင်၊ ရှေးဘဝက ကိုယ့်ရဲ့တစ်ခြမ်း) ဒါမယ့် မဖြစ်နိုင်တဲ့ ဘဝတွေမို့လား မသိဘူး ကိုယ်အေးဆေး တည်ငြိမ်တယ် မင်းကို မရမက ရရမယ်လို့ မတွေးထားတော့ မင်းကို မရူးသွပ်ဘူး မင်းက ကိုယ်ချစ်ရတဲ့ ကလေးလေးတစ်ယောက် မင်းက ကိုယ်စိတ်ဝင်စားရတဲ့ ကလေးလေးတစ်ယောက် ဒါမယ့် ကိုယ်က ပုထုစဉ်လူသားမို့ မင်းနဲ့ အတူတူနေချင်တယ် မင်းနဲ့ အိမ်လေးတစ်အိမ်ထဲမှာ အတူတူနေချင်တယ် ဒါက ကိုယ့်ဆန္ဒဖြစ်တယ်

Comments